Species

Species

Pink-headed Duck (ဘဲခေါင်းပန်းရောင်)

(Rhodonessa caryophyllacea)

Pink-headed-duck

 

မျိုးသုန်းလုနီးပါးအခြေအနေနှင့်ကြုံတွေ့နေရသော ရေပျော်ငှက်တစ်မျိုးဖြစ်ပြီးကိုယ်လုံးမှာမည်းညိုရောင်၊ ခေါင်းနှင့် နှုတ်သီးမှာပန်းရောင်ဖြစ်သည်။ ဘဲခေါင်းပန်းရောင်မျိုးစိတ်ကိုယခင်ကအိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့်  မြန်မာနိုင်ငံမြောက်ပိုင်းတို့တွင် အမြောက်အများရှိခဲ့သည်ဟုယူဆရပြီး ၁၉၅၀ ခုနှစ်မှစ၍ မျိုးသုန်းပျောက်ကွယ်သွားသည့် အခြေအနေသို့ ရောက်ရှိသွားပြီဖြစ်သည်။ ၁၉၃၅ ခုနှစ် ဇွန်လတွင် Charles M. Inglis ဆိုသူက အိန္ဒိယနိုင်ငံ Bihar ပြည်နယ်ရှိ ပဉ္စမမြောက်အကြီးဆုံးမြို့ဖြစ်သည့် Darbhanga တွင် ဘဲခေါင်းပန်းရောင်မျိုးစိတ် ကိုတွေ့ရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။ သူသည် ဘဲခေါင်းပန်းရောင်မျိုးစိတ်မှန်းမသိဘဲပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သူ၏နောက်လိုက် ခွေးကသူထံသို့ကိုက်ချီသယ်ဆောင်လာသောအခါတွင်မှသာ အဆိုပါမျိုးစိတ်မှန်းသိရှိခဲ့သည်။ ထိုတွေ့ရှိမှုမှာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ ဘဲခေါင်းပန်းရောင်ကိုနောက်ဆုံးတွေ့ရှိမှုဖြစ်ခဲ့သည်။


၁၉၈၈ ခုနှစ်တွင် အမေရိကန်ငှက်သမား Rory Nugent နှင့် အိန္ဒိယနိုင်ငံသား Shankar Barua တို့ နှစ်ဦးသည် အာရှတိုက်၏အဓိကမြစ်များထဲမှ မြစ်တစ်ခုဖြစ်သည့် Brahmaputra မြစ်(အိန္ဒိယဘက်ခြမ်း)တွင် အခြားရေငှက်အုပ်စုများကြားမှ ဘဲခေါင်းပန်းရောင်ကိုတွေ့ရှိခဲ့ကြောင်းဆိုသည်။ သို့ရာတွင်သူတို့၏တွေ့ရှိ ကြောင်းပြောဆိုမှုကို အများကကျယ်ကျယ်ပြန့်ပြန့်လက်ခံခြင်းမရှိခဲ့ပါ။
၁၉၆၀ နောက်ပိုင်း၊ လေ့လာမှုများကြီးကြီးမားမားမပြုလုပ်ရသေးသည့်မြန်မာနိုင်ငံမြောက်ပိုင်းဒေသ မလိခမြစ်နှင့် ချင်းတွင်းမြစ်များတွင် ဘဲခေါင်းပန်းရောင်များရှိနိုင်ကြောင်းအစီရင်ခံစားများထွက်ရှိလာသည်။ ၂၀၀၃ ခုနှစ် နိုဝင်ဘာလတွင် ပြုလုပ်သော ဟူးကောင်းလွင်ပြင် (Hu Kaung Valley) ဒေသစစ်တမ်း ကောက်ယူမှုအစီ ရင်ခံစာတွင် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ဘဲခေါင်းပန်းရောင်များရှိနေနိုင် သည့် လုံလောက် သောအကြောင်းရင်းများရှိကြောင်း ပါရှိလာခဲ့သည်။ သို့ရာတွင်၂၀၀၅ ခုနှစ်၊ အောက်တို ဘာလအတွင်း ကချင်ပြည်နယ် နန့်ကောင်းမြစ် (ကာမိုင်းရွာ နှင့် ရှဒုဇွတ်ရွာကြား) တွင်စစ်တမ်းကောက်ယူရာ Pink-headed Duck မျိုးစိတ်ကိုမတွေ့ရှိခဲ့ပါ။ လက်ရှိအချိန်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာလေ့လာမှုများအရအခြားနိုင်ငံများတွင်အဆိုပါမျိုးစိတ်ကိုမတွေ့ရတော့ဘဲ လေ့လာမှုများတိတိကျကျမပြုလုပ်ရသေးသော 

မြန်မာနိုင်ငံ တစ်နိုင်ငံတည်းတွင်သာ ရှိနေနိုင်ကြောင်း မျှော်လင့်ချက်ရှိနေသေးသည်။ သမိုင်းအထောက်အထားအရ လည်းမြန်မာနိုင်ငံတွင် ဘဲခေါင်းပန်းရောင်ရှိခဲ့ကြောင်းကိုအောက်ပါအချက်များအရသိနိုင်သည်။

 

(၁) ဘုံဘေ သဘာဝသမိုင်းအသင်း( Bombay Natural History Society) မှ ၁၉၀၉  ဇန်န၀ါရီလ ၂၇ ရက်နေ့ တွင် မြန်မာပြည်အထက်ပိုင်း စဥ့်ကူးမြို့၊ ကူလဲအင်းမှရရှိခဲ့သော ဘဲခေါင်းပန်းရောင်(အမ) နမူနာအရ လည်းကောင်း (အောက်ပါပုံ)၊

 

a

 

 

(၂) ၁၉၁၀ ခုနှစ် ဖေဖော်ဝါရီလတွင် မန္တလေးဈေးမှဝယ်ယူရရှိခဲ့သော အမေရိကန်သဘ၀သမိုင်းပြတိုက် (American Museum of Natural History)ရှိ “O, Mandalay bazaar, 10.02.10, H.H.Harington” စာတမ်းလေဘယ်ပါ  ဘဲခေါင်းပန်းရောင်(အထီး) နမူနာအရလည်းကောင်း (အောက်ပါပုံ) 

 

b

donation-for-the-birddownload

Join Our Newsletter

Join our newsletter to get latest news of our association.

Contact With Us

Biodiversity And Nature Conservation Association (BANCA)
Myanmar Registered Charity 1/Local/0141

Address : No.943, Second floor (right), Kyeik Wine Pagoda Road, Mayangone Township, Yangon, Myanmar
Tel : +95-9- 420080979,+95-1-663077
E-mail : This email address is being protected from spambots. You need JavaScript enabled to view it.
Website : http://banca-env.org/